★James Bond 007 Quantum Of Solace★7.54GB



James Bond 007 Quantum ဖြစ်​ပါ​တယ်။ ဒီ​ဂိမ်း​ဟာ ဂျိမ်းစ်​ဘွန်း 007 Casino Royal နှင့်Quantum ၏​ရုပ်​ရှင်​စီး​ရီး​အပေါ်​အခြေ​ခံ​ရေး​ဆွဲထား​တဲ့​ဂိမ်း​လေး​ဖြစ်​ပါ​တယ်​သည်။ ဒီ​ဂိမ်း​က 2008 ခု​နှစ်​အောက်တိုဘာ​လ 31 ရက်​နေ့​ထွက်​လာ​ခဲ့​သည် Activision ကုမ္ပဏီ​က​နေ​ထုတ်​ဝေ​ခဲ့​ပါ​သည်။ 
 ကစား​လို့အရမ်း​ကောင်း​မဲ့ ဂိမ်း​လေး​တ​ခု​ပါ  
ဂျိမ်းစ်​ဘွန်း 007 ကွမ်​တမ် တစ်​တတိယ​ပုဂ္ဂိုလ်​တစ်​ဦး​သေ​နတ်​သမား​ဂိမ်း​ဖြစ်​ပါ​တယ်။ ဒါ​ကြောင့်​မြင့်​မား​သော resolution နှင့်​ပတ်ဝန်းကျင်​နှင့်​ပတ်ဝန်းကျင်​မှာ​မြင်​တွေ​ရ​သော graphical ပြင်ဆင်​မူ့​တွေ​ကို​မြင်​ရ​မှာ​ဖြစ်​ပါ​တယ်​ပါ​တယ်။ ဒီ​ဂိမ်း​က PC ကွန်ပျူတာ​ဂိမ်း​ရဲ့​မစ်​ရှင်​ဂျိမ်းစ်​ဘွန်း 007 Quantum ရုပ်​ရှင်​ထဲ​က​ဇာတ်​လမ်း​အပေါ်​အခြေ​ခံထား​တယ်။



ဒီ​ဂိမ်း​ကို​အောက်​ပါ​အတိုင်း​အရည်အသွေး​ပြည့်​မှီ​တဲ့ မည်သည်​ကွန်ပျူတာ​မှာ​မ​ဆို ကစား​နိုင်​ပါ​တယ်​ဗျာ

  • Operating System: Window Xp/Window 7/Window8/ Window10
  • CPU: Core 2Dou 2.2 GH အထက်
  • RAM: 1 GB အထက်
  • Heard Disk Space: 10 GB အထက်
      ရှိသော ကွန်ပျူတာ​တွေ​မှာ က​စာ​နိုင်​ပါ​တယ်​ဗျာ..

  •  ဖိုင်​အမျိုး​စား ISO
  • ဖိုင်ဆိုဒ်   7.54GB
        အောက်ပါ​လင့်​က​နေ​ပြီး​ဒေါင်း​ယူ​နိုင်​ပါ​ပြီ​ခင်ဗျား
                        ==========================




ဟန်​မိုး​လွင်(အိမ်​လွမ်း​သူ)

 

ဗိုင်းရပ်ကြောင့် Window ကျသွားတဲ့ စက်တွေမှာ ဒေတာတွေကိုဘယ်လိုပြန်လိုက်မလဲ


ဒီနေ့ပြောပြချင်တဲ့ အကြောင်းကတော့ ဗိုင်းရပ်ထိပြီး အကြောင်းအမျိုးမျိုးကြောင့် Window ပြန်မတတ်နိုင်တော့တဲ့ စက်တွေက
Data တွေကိုဘယ်ဘယ်လိုပြန်ယူလို့ရမလဲဆိုတာ ပြောပြပေးပ့ါမယ်။
ကွန်ပျူတာအသုံးပြုသူတွေရဲ့ အကြောက်ဆုံးတခုကတော့ ဗိုင်းရပ်ပါဘဲ လူတွေက ဗိုင်းရပ်ဆို အသံကြားတာနဲ့တင်လန့်နေတတ်ကြပါတယ်
ဗိုင်းရပ် အမျိုးအစားများစွာရှိတဲ့အထဲက ကွန်ပျုတာအသုံးပြုသူတွေရဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဗိုင်းရပ်အမျိုးအစား တွေကလဲတော်တော်များပြားလှပါတယ်
တချို့ ဗိုင်းရပ်တွေဆိုရင် တော်တော်အစွမ်းထက်လှအောင် ကြောက်စရာကောင်းလှတဲ့ ဗိုင်းရပ်တမျိုးကို ကျွန်တော်တွေ့ခဲ့ဘူးပါတယ် ကျွန်တော်ကွန်ပျုတာစသုံးဖြစ်ခဲ့တဲ့ 2010 ခုနှစ်လောက်ကပါ။
အဲ့တုံးက အရမ်းခောတ်စားတဲ့ အင်တာနက်မှာနံမယ်ကြီးသီးချင်းတွေကို စုစဉ်းပြီး DVD အယ်ဘမ် လုပ်ထားတဲ့ အခွေတစ်ခွေကို သူငယ်ချင်းတယောက်က MP3
ပြန်ပြောင်းခိုင်းခဲ့တာက ဖြစ်ခဲ့တာပါ အဲ့ဗိုင်းရပ်က ဘယ်လောက်ဆိုးလဲ ဆိုတော့  DVD အခွေကို Drive ထဲ ထည့်ပြီးတုံးခဏဘဲရှိသေးတယ် Window ပြုတ်ကျသွားပါတယ်
အဲ့တုံးက Window တင်တတ်ခါစဆိုတော့ပြသနာကိုသေသေချာချာ ဂဃနဏဏ မသိသေးပါဘူး Window ဘဲအလွယ် ပြန်တင်ခဲ့ပါတယ် ....
ဗိုင်းရပ်တွေက အမျိုးအစားတော်တော်များသလို တော်တော်ဒုက္ခပေးတဲ့ အရမ်းအစွမ်းထက်တဲ့ ဗိုင်းရပ်မျိုးကို ဗိုင်းရပ်ရေးသူတွေက ဖန်းတီးခဲ့ပါတယ်
ဗိုင်းရပ်တွေထဲမှာ Microsoft Window တိုက်ခိုက်တဲ့ဗိုင်းရပ်အမျိးစားတွေက အများဆုံးလို့သိရပါတယ်။

ဒီကနေ့သူငယ်ချင်းတို့ ကွန်ပျုတာထဲကို ကျွန်တော်ကြုံခဲ့သလိုမျိုး Window ကျသွားတဲ့အထိဆိုးရွားတဲ့ ဗိုင်းရပ်ထိပြီး Window ကျတဲ့သူငယ်ချင်းတွေအတွက် ကျသွားခဲ့တဲ့ Window ထဲက ဒေတာတွေ
ကိုယ်မသိမ်းရသေးတဲ့ အရေးကြီးတဲ့ File တွေ Folder တွေကို မိမိကွန်ပျုတာ Windowတင်မထားတဲ့ Drive D: ထဲမှာဲ့(သို့မဟုတ်)အခြားနေရာမှာလုံလုံခြံုခြံု အမြဲသိမ်းထားဘို့လိုပါလိမ့်မယ်
ဒီလိုမှမဟုတ်ရင်တော့ ကိုယ်အချိန်ပေးပြီးစုဆောင်လာတဲ့(သို့မဟုတ်)ကိုယ်တိုင်အချိန်ပေးပြီးဖန်တီးထားတဲ့ ဒေတာတွေဆုံးရှံုးရပါလိမ့်မယ် တကယ်လို့ဒီပြသနာတက်ခဲ့မယ်ဆိုရင် ကိုယ်ကဘာမှပြင်ဆင်မထားရသေးဘဲ
အကြောင်းအမျိုးမျိုးကြောင့် Window ကျခဲ့မယ်ဆိုရင် Window ကျသွားခဲ့တဲ့ ထဲမှာမိမိလိုချင်တာတွေ ပြန်ယူလို့ ရနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဗျာ....

အခုအဆင်ပြေဆုံးနည်းလမ်းလေးတခု ပြောပြပေးလိုက်ပါမယ်....

လိုအပ်တာတွေကိုအရင်ဒေါင်းလော့ဆွဲလိုက်ပါအုံးနော်..ဗားရှင်းနှစ်ခုတင်ပေးထားပါတယ်

 ဒေါင်းလော့ဆွဲပြီးပြီဆိုရင်  အောက်ကပုံတွေအတိုုင်း အခွေအရင်ဘမ်းလိုက်ပါနော်
 1.ဒေါင်းလော့ဆွဲလို့ရလာတဲ့  Zip ဖိုင်လေးကိုဖြည့်လိုက်ပါ








        2.ဖြေလိုရလာတဲ့အထဲက BurnToCD .Bat File လေးကိုRun လိုက်ပါ




    

       3. Star Button လေးကကလစ်ပြီး DVD Drive အဖုံးပွင့်လာရင် အ ထဲကို CD      
           အလွတ်တချပ်ထည့်လိုက်ပါ။


4.Pleace insert a"blank"disc into the drive. "OK" 
   ခုဏက အခွေထည့်ပြီးလို "OK" နှိပ်ပြီးရင် အခွေစဘမ်းနေပါလိမ့်မယ်။


 အဲ့အပေါ်ကပုံစံအတိုင်း ပေါ်နေပြီဆို အခွေဘမ်းနေတာသေချာပါပြီ ခဏစောင့်နေလိုက်ပါ။

  ပြီးရင်အောက်က လိုပုံလေး အခွေကူးပြီးစီးကြောင်းပြပါလိမ့်မယ်


 Complete ပြနေပြီဆို  Close နဲ့ပိတ်လိုက်ပါ ပြီးပြီးဆို Hiren BootCD 

 အခွေရပါပြီ ဒါဆိုရင် အောက်ကအဆင့်တွေအတိုင်းလုပ်ပေးလိုက်ပါ

Hiren BootCD အသုံးပြုနည်းတွေကအများကြီးရှိပါတယ်
ဒီအကြောင်းတွေကိုလဲ နောက်မှ အပြည့်အစုံစာအုပ်ထပ်ရေးပါအုံးမယ်
လောလောဆယ် Window ကျသွားတဲ့ စက်တွေမှာ ဒေတာတွေကို
ပြန်ဆယ်နည်းလေးရေးပေးလိုက်ပါ့မယ်.



Hiren BootCD အသုံးပြုနည်း
-------------------------------
 Window ကျသွားပြီဒေတာတွေပြန်လည်ရယူလိုတယ်ဆိုရင်တော့ မိမိကွန်ပျုတာကို ဝင်းဒိုးတင်သလိုဘဲ
 Boot အရင်ခေါ်လိုက်ပါ Hiren BootCD  နဲ့တတ်လာရင် အောက်ကလို ပုံလေးပါ



  အဲထဲမှာ Mini Window XP ကိုရွေးပြီး Enter နှိပ်လိုက်ပါ Window XP တတ်လာပါလိမ့်မယ် 
  အဲ့ဒီတော့မှ ကိုယ်မသိမ်းရသေးတဲ့ ဝင်းဒိုးအဟောင်းထဲက ဖိုင်တွေပြန်ရှာပြီး သိမ်းထားလိုက်ပါ။
 
 
 
Hiren BootCDမှာ အသုံးဝင်တဲ့ အခြားဟာတွေအများကြီးပါဝင်ပါသေးတယ်
အဲ့ဒါတွေကတော့
1. Administrator အကောက် Pressword ကိုမေ့နေရင်ပြန်ဖြုတ်နိုင်ပါတယ်
2. Window  တင်ပြီးသားတွေကို Clone ရိုက်ပြီး အခြားစက်တွေမှာ ပြန်သုံးနိုင်ပါတယ်
    ဒီလိုအသုံးပြုခြင်းအားဖြင့် ဝင်းဒိုးတင်တာပုံမှန် 1နာရီ လောက်အချိန်းပေးစရမလိုဘဲ ခဏလေး
    ဝင်းဒိုးအသစ်ပြန်ရနိုင်ပါတယ်
3. Window ကျသွားတဲ့အချိန် Window အဟောင်းထဲက ဒေတာတွေပြန်လည်ရယူနိုင်ပါတယ်
4. မိမိကွန်ပျူတာထဲကို ဝင်ရောက်နေတဲ့ဗိုင်းရပ်ကုတ်တွေကို Hiren BootCD  Boot တတ်ပြီးရှင်းလင်းနိုင်ပါတယ်
5. Bios Pressword တွေကိုလဲဖြုတ်ပေးနိုင်ပါတယ်
    ဒါကတော့ မားသားဘုတ်အလိုက် ရတဲ့ဟာရှိသလိုမရတာတွေလဲ ရှိတတ်ပါတယ်

 ကဲဒီညတော့ဒီလောက်ပါဘဲ နောက်မှ အသုံးပြုနည်းစာအုပ်ရေးပေးပါအုံးမယ်နော်
 အဆင်ပြေပါစေဗျာ။။
                              ဟန်မိုးလွင်(အိမ်လွမ်သူ)
                               www.hanmoelwin.com

လာရောက်အားပေးသောဘော်ဒါမိတ်ဆွေများများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ


ကျွန်တော်facebook page လေးကို{ ဒီမှာ } သွားလိုက်ပါ



ကျွန်တော်ရဲ့ဆိုဒ်လေးထဲကိုသွားချင်ရင်{ ဒီမှာ } သွားလိုက်ပါ
အစဉ်လေးစားလျှက် ရဲဝေလင်း(လေ့လာသူ)



!ဆော့ဝဲနှင့်နည်းပညာ ပိုဒ့်လေးတွေကိုနှစ်သက်ရင်!
o_Oအောက်ကလင့်လေးတွေက လာလည်ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာO_o
Logo Design by FlamingText.com

♠♠DomDomSoft Manga Downloader 5.5.5 ♠♠







DownloadDownload 10.31 MB

ဒီတစ်ခါ ဒေါင်းလော့ဆွဲတဲ့ ဆော့ဝဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ဗျာ  IDM လိုဘဲအသုံးပြုရလွယ်ကူတဲ့ကောင်လေးတစ်ခုပါဘဲ ဖူးဗားရှင်းအဖြစ်သုံးလို့ရအောင် Crack ဖိုင်လေးပါတင်ပေးလိုက်ပါတယ်ဗျာ
Install လုပ်နည်း
************
ပထမဦးဆုံး DomDom SoftMangaDownloder 5.3 Install.exe Installလုပ်ပါ
ဗားရှင်း 5.5.5 Update လိမ့်မယ် အင်တာနက်ဖွင့်ပြီ Update လုပ်ပေးလိုက်ပါ။
Update ပြီးသွားပြီဆိုရင် Crack.exe လေးကို ဖွင့်ပေးပြီးပုံထဲကအတိုင်း
လုပ်ဆောင်လိုက်ပါ။

Updateမလုပ်ချင်ရင် 5.3 ဗားရှင်းဘဲသုံးချင်တယ်ဆိုရင် အင်တာနက်ကိုပိတ်ပြီး
Install  လုပ်ပေးလိုက်ပါနော် ပြီးရင် Activtor.exe လေးကို ပုံပါအတိုင်းလုပ်ပေးလိုက်ပါနော်



အဆင်ပြေပါစေ
ဟန်မိုးလွင်(အိမ်လွမ်းသူ)

!ဆော့ဝဲနှင့်နည်းပညာ ပိုဒ့်လေးတွေကိုနှစ်သက်ရင်!
o_Oအောက်ကလင့်လေးတွေက လာလည်ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာO_o
Logo Design by FlamingText.com

Photoshop နဲ့ Animation လုပ်ကြမယ်


ဒီကနေ့ပိုတိုရှော့နဲ့ Photoshop နဲ့ Animation လုပ်တဲ့နည်လမ်းလေး သင်ခန်းစာ လုပ်ကြည့်ရအောင်
ကိုယ်ရဲ့ဖုန်းမှာ (သို့) ကိုယ်ဆိုဒ်တွေမှာ Animation စာလုံးလေးတွေနဲ့ အလှဆင်ရအောင်ဗျာ
ဒီသင်ခန်းစာမှာ Adobe Photoshop CS3 Extended ကိုအသုံးပြုပြီးရှင်းပြပေးထားပါတယ်


ပထမဦးဆုံး Photoshop ဖွင်လိုက်ပါ။
File Menu က New ခေါ်လိုက်ပါ
Preset: မှာ Custom
Width: မှာ 7
Height:2
Resolution:300
Width:ညာဘက်မှာ inches ရွေးပေးပါ
          (Web ဆိုဒ်သမားတွေကတော့ Pixelsနဲ့တွက်ရင်ပိုပြီး တိတိကျကျရမှာပါ။)




ပြီးရင် လိုချင်တဲ့စာရေးပါ။
စာရေးပြီးရင် Layer ကနေညာကလစ်နှိပ်ပြီးရင် Duplicate Layer...ကလစ်ပေးပါ
Duplicate Layer ဘောက်တက်လာရင် Ok ပေးလိုက်ပါ။ ခုဏရေးထားတဲ့ စာသားအတိုင်း ကော်ပီကူးလိုက်တာပါဘဲ



အဲဒိကော်ပီကူးလိုက်တဲ့ LayerCopy ကို ညာကလစ်ထောက် Bending Options...ဝင်လိုက်ပါ။



Layer Style ဘောက်ကလေးကျလာရင် Storke မှာအမှန်ခြစ်ပေး Size မှာ ( ... )px လိုသလောက်ထား
Color စိတ်ကြိုက်ပြောင်းပေးလိုက်ပေါ့နော်။ အဲ့အတိုင်း ကိုယ်လိုချင်သလောက် အရောင်တွေကို
Duplicate Layer (or) Ctrl+J နဲ့ပွားပွားပြီး လိုသလောက် အရောင်ပွားယူထားပါ ။
လိုသလောက်ယူပြီးရင်တော့ Menu ဘားက Animation ခေါ်လိုက်ပါ။
အောက်ကလို Animation ဘားလေးကျလာရင်တော့
Duplicate Selected Frames(အနီရောင်ဝိုင်းပြထားပါတယ်) ကိုကလစ်ပေးပါ


အရောင်ပြောင်းထားတဲ့ စာသားလေးတွေတဆင့်ချင်းဖွင့်လိုက်ပါ ဒီနေရာမှာမျက်စိလည်နိုင်ပါတယ်
အောက်ကပြထားသလို Layer Box က
စာသားတခုရွေးပါ Duplicate Selected Frames ကလစ်နှိပ်ပြီး ခေါ်လိုက်ရင် Animation ဘားမှာစာတခုတိုးလာပါတယ် LayerBox ကရွေးပြီးသား စာသားLayerကို မျက်လုံးပိတ်ထားပါ
ဒီလိုဘဲနောက် စာသားLayerကို အဆင့်ဆင့်ခေါ်ပြီးပြီဆိုရင်တော့။
ဒီလိုလေးဖြစ်ပြီဆိုရင်တော့ AnimationBox ထဲက စာသားလေးတွေကို အကုန်Selecte ပေးလိုက်ပါ။ကိုယ်လိုချင်သလောက်အရောင်ဖတ်တဲ့ အချိန်စက္ကန့် 0.1/0.2/0.3
ချိန်ညှိပေးလို့ရပါတယ်ဗျာ..

ပြီးရင် Selects Looping Options မှာ အနီရောင်ဝိုင်းပြထားပါတယ် Forever မှာအမှန်ဖြစ်ပေးလိုက်ပါ။
ကဲဒါဆိုရင် Save ဘို့ဘဲကျန်တော့ပါတယ် Animation ဖိုင် Save တဲ့နေရာမှာ ရိုးရိုး Save . Save As..
တို့နဲ့ သိမ်းလို့မရပါဘူးနော်.. Save For Web& Diveces..... နဲ့သိမ်းရပါမယ်..
Save Box ကျလာရင် အောက်မှာ ပြထားတဲ့အတိုင်းဘာမှ မပြင်ဘဲ Save လိုက်ပါနော်။။။

ကဲ Photoshop နဲ့ Animation  ဒီတွင်ဘဲ နိဂုံးချုပ်ပါပြီနော် သူငယ်ချင်းတို့လဲ နှစ်သစ်မှာ Photoshop နည်းပညာတိုးတက်ကြပါစေ လို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ.....


MM Photoshop Tutorial
 www.hanmoelwin.co.vu

Followers