တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်Broadband Wireless(Wifi) အင်တာနက်လိုင်းရရှိရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ် ဦး က အောက်တိုဘာ ၂၂ ရက်တွင် ပြော သည်။
အဆိုပါ Wifi အင်တာနက်လိုင်းဝန် ဆောင် မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အကျိုး တူပူးပေါင်းလုပ် ကိုင်မည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းက တင်ဒါဖိတ်ခေါ်ထား ကြောင်း ဆက် သွယ်ရေးနှင့်သတင်းအချက်အလက် နည်း ပညာဝန်ကြီးဌာန၊ သတင်းအချက်အ လက် နှင့် နည်းပညာဌာနမှ ဒုတိယအင်ဂျင်နီယာ ချုပ် ဦးရဲနိုင်မိုးက မဇ္ဈိမကို ပြောသည်။
ဦးရဲနိုင်မိုးက “Wifi အင်တာနက်လိုင်းကို တစ်နိုင်ငံလုံးအတိုင်းအတာရရှိအောင်လုပ်သွားမှာပါ။ အဲဒီ အတွက် ပူးပေါင်းလုပ် ဆောင် မယ့်ကုမ္ပဏီတွေကို ဖိတ်ခေါ် ထား ပါတယ်။ ကုမ္ပဏီတွေကလည်း သူတို့လုပ် ကိုင်မယ့်နေရာဒေသကို Servey လုပ်ပြီး Business Plan နဲ့ Technical Plan တွေ ကို တင်ပြရမှာဖြစ်ပါ တယ်။ နေရာဒေသအလိုက် လုပ်ကိုင်မယ့် ကုမ္ပဏီ တွေကို ရွေးချယ်သွားမှာပါ”ဟု မဇ္ဈိမကို ပြော သည်။
ယင်းဝန်ဆောင်မှုဆောင်ရွက်ရန် လျှောက် ထားလိုသည့်ကုမ္ပဏီများသည် အောက် တိုဘာ ၂၁ ရက်မှ ၃၀ ရက်အထိ တင်ဒါ လျှောက်လွှာများကို သတင်းအချက်အ လက် နှင့်နည်းပညာဌာနတွင် ထုတ်ယူ နိုင် မည် ဖြစ်သည်။
ပြည်တွင်းတွင် လက်ရှိဝန်ဆောင်မှု ပေးနေ သော အင်တာနက်လိုင်းများမှာ ဖိုက်ဘာ အင်တာနက်လိုင်း၊ADSL အင်တာနက် လိုင်း၊ Dial-up၊ E1၊ မိုဘိုင်းအင်တာနက် နှင့် ဝေးလံခေါင်းပါးသည့်နေရာများတွင် အသုံးပြုသည့် ဂြိုဟ်တုအင်တာနက် လိုင်း များဖြစ်သည်။
ယင်းသို့ Wifi အင်တာနက်လိုင်းကို တစ်နိုင် ငံ လုံးအတိုင်းအတာဖြင့် ဖြန့်ကျက်မည် ဆို ပါက အချိန်ကာလ အနည်းငယ်ကြာမြင့် နိုင် သောကြောင့် လူဦးရေထူထပ်သည့်နေရာ များကို ဦးစားပေးကာ အဆင့်လိုက် တိုးချဲ့ သွား မည်ဟုလည်း ဦးရဲနိုင်မိုးကဆိုသည်။
ဦးရဲနိုင်မိုးက “တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာ နက် ၀န်ဆောင်မှုရရှိဖို့က အချိန်ကာလတစ် ခုအထိ တော်တော် ကြာနိုင်တယ်။ နောက် အကျိုးတူပူးပေါင်းလုပ်ကိုင်ရမှာဆိုတော့ ရင်းနှီးမြှုပ်နှံမှုကများတယ်။ အရင်ဆုံး လူဦး ရေထူထပ်တဲ့နေရာတွေမှာ အရင်လုပ်မယ်။ ပြီးရင် တိုင်းပြည်ရဲ့ နေရာအနှံ့မှာ ရရှိ အောင် ထပ်မံလုပ် ဆောင်သွားမယ်”ဟု ပြောသည်။
ပြည်တွင်းတွင် wireless အင်တာနက် ၀န် ဆောင်မှုပေးနေသော Red link ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးရှိန်းသူ အောင်က “နယ်တွေမှာ လည်း လူဦးရေအများစုရှိတဲ့ Library လို နေရာမျိုး၊ လူစည်တဲ့နေရာမျိုးတွေမှာ Wifi အသုံးပြုခွင့်ရအောင် လုပ်ရင်ကောင်း တာ ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ လူဦးရေ ၇၀၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ မိုဘိုင်း အင်တာနက်အသုံးပြုမှုပဲ ရှိလာနိုင် ပါတယ်” ဟု ဆိုသည်။
ပြည်တွင်းတွင် အင်တာနက်အသုံးပြုသူမှာ ၁၃ သိန်းခန့်ရှိပြီး မိုဘိုင်းဖုန်းဖြင့် အင်တာ နက် အသုံးပြုသည့် ဦးရေမှာ ၁၁ သိန်းခန့်ရှိ သည်ဟု ပြီးခဲ့သည့်စက်တင်ဘာလ အတွင်း တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားထားသည်။
ချိုကို
Mizzima - News in Burmese
lwanthuonlineknowledge

0 Response to "တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်"
Post a Comment