ဆီလီကွန်တောင်ကြားက Facebook အိမ်ရာ

                 Facebook မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများအတွက် အိမ်ရာ တစ်ခုကို ဇူကာဘတ်က တည်ဆောက်ပေး တော့မှာ ဖြစ်ပါတယ်။


ဒီအတွက် အတည်ပြုချက်ကိုရရှိပြီး ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုနဲ့ စတင်နေပါပြီ။ Zuckland သို့မဟုတ် Facebookville လို့ အမည်ပြောင် ပေးထားတဲ့ ယင်းအိမ်ရာက ဆီလီကွန်ဗယ်လီက ဝန်ထမ်း အားလုံး အတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ စီမံကိန်းက ၁၀ ရာခိုင်နှုန်းသော ဝန်ထမ်းအတွက် နေထိုင် ဖို့အတွက်ပဲ အဆင်ပြေအုံး မယ်လို့ ဆိုပါတယ်။ စတုရန်းပေပေါင်း ၆သိန်း၃သောင်း အကျယ်ရှိ တဲ့ မြေနေရာမှာ တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ပြီး ယူနစ် ၁၅ ခု ခွဲခြားပေးထားမှာ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ စားသောက်ဆိုင်၊ ရှော့ပင် စင်တာ၊ စက်ဘီးပြင်ဆိုင်၊ အားကစားခန်းမ၊ ရေကူးကန် အစရှိသဖြင့် Facility စုံစုံ လင်လင်နဲ့ ဖန်တီးထားပေးမယ့် အိမ်ရာ ဖြစ်ပါတယ်။


အိမ်ရာ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၁၂၀ ပါ။ ဒါတောင် Facebook က တန်ဖိုးနည်း အိမ်ရာ စီမံကိန်းလို့ အမည်ပေးထားပါတယ်။ ဝန်ထမ်းများ အတွက် ထောက်ပံ့မှု အပြည့်အဝပေးနိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ မိသားစု ရှိသူများအတွက်လည်း အခန်းကျယ် ပေးမှာပါ။ လုပ်ခလစာ၊ ပင်စင်လစာ အပြင်၊ နေစရာ၊ စားစရာ အပြည့် ထောက်ပံ့ပေးပြီး ကမ္ဘာ့ အလုပ်လုပ်ချင်စရာ အကောင်းဆုံး ကုမ္မဏီစာရင်းထဲ ဝင်ဖို့ ကြိုးစားနေ ပုံ ပေါက် ပါတယ်။ လက်ရှိ နံပါတ်တစ် ယူထားတာက Google ပါ။ ပြီးရင်သူ့ လက်အောက် Youtube ဖြစ်ပါတယ်။ Facebook ကလည်း တဖြည်းဖြည်း တက်လာပါပြီ။


အိမ်ရာစီမံကိန်းကို Facebook ကုမ္မဏီတစ်ခုတည်းက  အကုန်ကျခံထားခြင်း မဟုတ်ပဲ အခြား ကုမ္မဏီ တစ်ခုနဲ့ အပြန်အလှန်အကျိုးပြု ရှယ်ယာဖြင့် တည်ဆောက်မှာ ဖြစ်ကြောင်း သိရပါတယ်။

.

Ref: mashable

Aung Kham (TSJ Team)


.

Aung Khamkyaw at 1:40 AM                  http://blog.techspace.com.mm/2013/10/facebook.html?m=1


0 Response to "ဆီလီကွန်တောင်ကြားက Facebook အိမ်ရာ"

Post a Comment

Followers