
"ဗိုလ်ချုပ်တို့ကျဆုံးပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၌ ဗိုလ်ချုပ်၏ မိခင်၊ အမေဒေါ်စု၏ တိုင်းပြည်သို့ရေဒီယိုမှပြောကြားခဲ့သောစကား"
လွန်ခဲ့သည့်နှစ်က ဂဠုန်အဖွဲ့ ခေါင်းဆောင် ဦးစောအား သူခိုးကျင့်၊ သူခိုးကြံ၊ လူမသမာတစ်စုက ချောင်းမြောင်းလုပ်ကြံ ပစ်ခတ်ခဲ့စဉ်က သားဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် များစွာ ရှုတ်ချ၊ ကဲ့ရဲ့စကားများပြောခဲ့တယ်။ မိမိထံကို နယ် လှည့်လာ ရင်း ဝင်ရောက်ကန်တော့စဉ် အခါက မိမိက စိုးရိမ်ကာ လူဆို တာ အထက်ရောက်နေလျှင် မနာလို ဖြစ်ပြီး မလိုသူများက မကောင်းကြံစည်တတ်တယ်။ အစစအရာရာ သတိထားပါ" ဟု ပြော မိသေးတော့ သူက "ဗျာ..ဘုရားတောင်မှ အတိုက် အခံရှိသေးတာပဲ။ အမှန်မှာတော့ ကိုယ်ကသာ လမ်းမှန်ဘက် ကနေပြီး အကြောင်းမှန်ကို ကိုယ်က လက်ကိုင်ထားရင် ဘာမှကြောက် စရာမလိုပါဘူး။ စစ်တိုက်တုန်း ကတောင် မသေခဲ့သေးတာ မစိုးရိမ်ပါနဲ့။ အခု တိုင်းပြည်လူထုဟာ အရင် လို မဟုတ်ဘူး။ ဝေဖန်တတ် လာပါပြီ" ဟုအားရပါးရရယ်မော ၍ ပြန်ပြောခဲ့ ပါသေးတယ်။ ခုအောင်ဆန်းဟာ သူအလွန်မုန်း တီးရွံရှာတဲ့ ချောင်းမြောင်း လုပ်ကြံ တဲ့နည်းနဲ့ပဲ သေလွန်သွား ရှာတယ်........
နေဇာလင်း { onlineknowledge }
CREDIT TO: ပေါ်ပြူလာ ဂျာနယ်
0 Response to ""ဗိုလ်ချုပ်တို့ကျဆုံးပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၌ ဗိုလ်ချုပ်၏ မိခင်၊ အမေဒေါ်စု၏ တိုင်းပြည်သို့ရေဒီယိုမှပြောကြားခဲ့သောစကား""
Post a Comment