ဆင်းရဲနွမ်းပါးသူများအတွက်​ တန်​ဖိုးသင့်​ညစာ

ဓာတ်ပုံ − တန်ဖိုးသင့်ညစာဖေ့စ်ဘွတ်ခ်
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင် ဆင်းရဲနွမ်းပါးသူများအတွက် စေတနာရှင်များ ၏ပရဟိတအလှူအဖြစ် ဈေးသက်သာသည့် တန်ဖိုးသင့်ညစာကို ဆိုက်ကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးနေရာ ဒေသခံများကြိတ်ကြိတ်တိုးဝယ်ယူအားပေးမှုများရှိနေကြောင်း သတင်းရရှိသည်။ 
 

စေတနာရှင်များက ထမင်း၊ သီးစုံပဲကုလားဟင်း၊ ဝက်သား၊ ကြက်သားဟင်းများချက်၍ ဆိုက်ကားတစ်စီးပေါ်တင်ကာ အင်္ဂပူ မြို့နယ်အတွင်းရှိ နွမ်းပါးသော ရပ်ကွက်များသို့ သွားရောက် ရောင်းချနေခြင်းဖြစ်သည်။ ထမင်း၊ ဟင်းဈေးနှုန်းများမှာ ပုံမှန်ထက် ချိုသာနေပြီး ထမင်းနှင့် သီးစုံပဲကုလားဟင်း နှစ်ရာကျပ်၊ ထမင်းနှင့် ဝက်သားဟင်း သုံးရာ ကျပ်၊ ထမင်းနှင့် ကြက်သားဟင်း ငါးရာကျပ်ဖြင့် ရောင်းချပေးနေ ခြင်းဖြစ်သည်။ 
ဆိုက်ကားတစ်စီးလျှင် အိမ် ခြေ ၁၀၀ သို့ အခြေပြုရောင်းချ ခြင်းဖြစ်ပြီး ဆိုက်ကားလေးစီးဖြင့် အိမ်ခြေ ၄၀၀ အထိ ရောင်းချပေး နေကြောင်း၊ တန်ဖိုးသင့်ညစာအ စီအစဉ် တည်ထောင်သူ အင်္ဂပူမြို့နယ်ဆရာဝန် ဒေါက်တာနန္ဒ ဝင်းက ပြောသည်။ 
‘‘အမြတ်ကတော့ ဆိုက်ကား တစ်စီးကို တစ်နေ့ ၁၅၀၀၊ ၂၀၀၀ လောက်ပဲ မြတ်ပါတယ်။ ဆင်းရဲ တဲ့လူတွေကို အသားဟင်းနဲ့ စား စေချင်တာပါ’’ဟု ဒေါက်တာနန္ဒ ဝင်းက ဆိုသည်။ 
ထမင်း၊ ဟင်းများကို စေတနာလုပ်အားပေးအဖွဲ့ဝင် ၁၃ ဦးဖြင့် ကူညီချက်ပြုတ်ပြီး ညနေ ၄ နာရီ မှစ၍ ရပ်ကွက်များအတွင်း လှည့် လည်ရောင်းချရာ တန်းစီစနစ်ဖြင့် ကြိတ်ကြိတ်တိုးလာရောက်ဝယ် ယူကြကြောင်း သတင်းရရှိသည်။ 
အိမ်ခြေ ၅၀၀ ခန့် ထပ်မံ တိုးချဲ့ ရောင်းချနိုင်ရန် ဇွန်လတွင် ကားတစ်စီးဝယ်၍ ရောင်းချရန် စီစဉ်နေပြီး အင်္ဂပူမြို့နယ်တွင် အိမ်ခြေထောင်ကျော်ရှိသည့်အ နက် အိမ်ခြေ ၉၀၀ အထိ လွှမ်းခြုံ ရောင်းချနိုင်ရန် ရည်ရွယ်ထား ကြောင်း ဒေါက်တာနန္ဒဝင်းက ဆက်လက်ပြောကြားသည်။ 
ဆိုက်ကားတစ်စီးနှင့် အိုး ခွက်ပန်းကန်များအတွက် ကျပ် တစ်သိန်းခွဲခန့်ကို အရင်းအဖြစ် သုံးစွဲထားရပြီး ထမင်း၊ ဟင်းများကို ကျပ်ငါးသောင်းခန့် သုံးစွဲချက်ပြုတ်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ဆိုက်ကားလေးစီးဖြင့် ရောင်းချခြင်းအတွက် ကျပ်ရှစ်သိန်းခန့် ကုန်ကျကြောင်း ၎င်းက တွက်ချက်ပြသည်။ အင်္ဂပူမြို့နယ်တွင် အဆိုပါ တန်ဖိုးသင့်ညစာကို ရောင်းချ သည်မှာ နှစ်လခန့်ရှိပြီဖြစ်ပြီး မြန် အောင်မြို့နယ်တွင်လည်း အခြား ပရဟိတအဖွဲ့တစ်ခုက အလားတူလိုက်လံရောင်းချနေကြောင်း သ တင်းရရှိသည်။ 
စေတနာဖြင့် လုပ်အားပေး လှည့်လည်ရောင်းချပေးသူတစ်ဦး အား သုံးလပြည့်သည်အထိ ရောင်းချပေးပါက ဆိုက်ကားနှင့် အိုးခွက်များပေး၍ မိမိရပ်ရွာတွင် ပြန်လည်ရောင်းချရန် စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် အလှူရှင်အချို့ကလည်း တန်ဖိုးသင့် ညစာအစီအစဉ်တွင် ထည့်ဝင်လှူဒါန်းပေးမှုများရှိကြောင်း သတင်းရရှိ သည်။

0 Response to "ဆင်းရဲနွမ်းပါးသူများအတွက်​ တန်​ဖိုးသင့်​ညစာ"

Post a Comment

Followers