အခုနောက်ပိုင်း မြင်နေ၊ ကြားနေရတဲ့ သတင်းတစ်ခုကတော့ အမြန်လမ်းပေါ် လူတချို့ရဲ့ဒုက္ခ ပေးခြင်းကို ခံနေရတာပါပဲ။
အရင် ကြားဖူးတာက လမ်းပေါ်မှာ တုံးတွေ၊ ခဲတွေချပြီး ကားမှောက်အောင်လုပ်တယ်။ ကားမှောက်ရင် ပစ္စည်းတွေ လုကြတယ်လို့ ကြားဖူးတယ်။
တဖက်လူ သေသေကြေကြေ ဘာမှ မစဉ်းစားဘဲ လုပ်ကြတယ်။ တော်တော်အောက်တန်းကျ ယုတ်ညံ့တဲ့ စိတ်ဓါတ်တွေပါ။
အခုဆိုလည်း Express ကားကြီးကို ခဲနဲ့ လှမ်းထုတယ်။ ဒီလို ခဲနဲ့ လှမ်းပေါက်တာ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မကတော့ဘူး။ နောက်ပိုင်း ခဏခဏ မီဒီယာတွေမှာလည်း ပါလာပါတယ်။ အခုပုံထဲကဆိုရင် မနေ့ညက မိုင်တိုင် 79 မှာ ခဲနဲ့လှမ်းအပေါက်ခံရတာပါ။ တော်သေးတာပေါ့။ ဒီလောက်ပဲဖြစ်သွားလို့။ အကယ်လို့ ယာဉ်မောင်းထိပြီး ကားသာ တိမ်းမှောက်ခဲ့မ ယ်ဆိုရင် .... ခရီးသည်တစ်ဦးဦး ခေါင်း၊ မျက်စိ ခဲမှန်ခဲ့မယ်ဆို ရင် .... နစ်နာကြမှာတွေက အများကြီးပါ။
မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေနဲ့လည်း အမြန်လမ်းမှာ ပြည်သူတွေ အန္တရာယ်ကင်းကြစေ ဖို့ အမြန်လမ်းရဲတပ်ဖွဲ့ဆိုပြီး သီးသန့်ဖွဲ့စည်း ထားပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအနေနဲ့  ဒီလို ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ် ပေးဖို့ တောင်းဆိုချင်ပါ တယ်။
ဒီကိစ္စမျိုးက ရဲတပ်ဖွဲ့က မကူညီဘဲ ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေ လက်တွေ့ကြုံတွေ့ နေရတဲ့ အန္တရာယ်မို့ အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ပေးကြပါဗျာ။
Credit to ထွဋ်ထိပ်

0 Response to "အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသို့"
Post a Comment