ရန်​ကုန်​-ဒလ တံတားစီမံကိန်း

နေပြည်တော် (မဇ္ဈိမ)။ ။ ကိုရီးယား - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်မည့် ရန်ကုန် - ဒလ
မြစ်ကူးတံတားတွင် ဒလသို့ သောက်သုံးရေပို့မည့် ရေပိုက်များ ထည့်သွင်းရန် တံတားဒီဇိုင်း၌ ရေပိုက်များထည့်သွင်း
ရေးဆွဲထားသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ပြော
ကြားသည်။
Dala
ဒလမြို့နယ်မှ ပန်းဆိုးတန်း ဆိပ်ကမ်းတို့ ကူးသန်းသွားလာနေသည့် ခရီးသည်များကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
“ဒလမှာ ရေရှားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မလှမ်းမကမ်းမှာရှိတဲ့ ဒဂုံတံတားကြီးကို တည်ဆောက်စဉ်တုန်းက ဒီတံတားကြီးပေါ်ကနေ
ဖြတ်ပြီးတော့ ပိုက်သွယ်ပြီး ဒလကို ရေပေးဖို့ဆိုပြီးတော့ တင်ပြခဲ့တာ ရှိပါတယ်။ မူလဒီဇိုင်းမှာ ပါဝင်ခြင်း မရှိတဲ့အတွက် မလုပ်ပါနဲ့၊
ရေပေးတာ သီးခြားလုပ်ပါဆိုပြီး အဲဒီတုန်းက နိုင်ငံတော်အကြီးအကဲက မိန့်ကြားခဲ့တာ ရှိပါတယ်။ ဒါကြောင့် အခု တံတားအတွက် အကြို အင်ဂျင်နီယာ လုပ်ငန်းတွေ လုပ်နေချိန်ဖြစ်လို့ တံတားမှာ ရေပိုက်တွေ ထည့်သွင်းဖို့ကိစ္စကို တံတားဒီဇိုင်းမှာ ပါဝင်အောင် ထည့်သွင်းသွားပါမယ်” ဟု ၎င်းက ပြောကြားသည်။

ဒလမြို့သည် ရန်ကုန်မြစ်ဝမှ ၃၄ ကီလိုမီတာ အကွာတွင်ရှိပြီး ရန်ကုန်နှင့် ရန်ကုန်မြစ်တစ်ခုသာ ခြားသော်လည်း ရန်ကုန်နှင့် အလှမ်းကွာနေကြောင်း၊ ရန်ကုန်မြို့သည် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ တွံတေးတူးမြောင်း၊ ပုဇွန်တောင်ချောင်း စသည်တို့က ၀ိုင်းရံထားသည့်အတွက် တစ်နေရာမှ တစ်နေရာကို ကူးသွားနိုင်ဖို့ တံတားများ လိုအပ်လာသဖြင့် ယခုကဲ့သို့ မြစ်ကူးတံတား
ဆောက်လုပ်ရခြင်း ဖြစ်ကြောင်းလည်း  ဒုဝန်ကြီးက ပြောသည်။

“ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေဟာ Road Network 
(လမ်းပန်းကွန်ရက်) အားနည်းနေလို့ အခုလို တံတားတွေ ဆောက်ရတာပါ၊ ရန်ုကုန် - ဒလ တံတားရဲ့ ရေလမ်း ကင်းလွတ်အမြင့်ဟာ ၄၉ မီတာ (၁၆၀ ပေ) ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမြင့်ဆုံး ပေးထားတဲ့
ရေလမ်းကင်းလွတ်မှုလည်း ဖြစ်ပါတယ်” ဟုလည်း 
ဒုဝန်ကြီးက ပြောသည်။

တံတားတည်ဆောက်မှု ကုန်ကျစရိတ် ရန်ပုံငွေနှင့် ပတ်သက်ပြီး EDCF က ၈၂ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက ၁၈ ရာခိုင်နှုန်း ပါဝင်ကြမည် ဖြစ်ရာ EDCF က အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း 
ပါဝင်ပြီး မြန်မာနိုင်ငံက ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း 
အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ဖြစ်ကြောင်း၊ 
ကိုရီးယားနိုင်ငံ ကိုရီးယား ကုမ္ပဏီများကို တင်ဒါခေါ်ယူပြီး
ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

0 Response to "ရန်​ကုန်​-ဒလ တံတားစီမံကိန်း"

Post a Comment

Followers