ရေထဲမှာပဲဖြစ်ဖြစ် ၊ ရေပေါ်မှာပဲဖြစ်ဖြစ် ၊ သွားသွားလာလာပဲ ဖြစ်ဖြစ် ၊ ဓာတ်ပုံ ၊ ဗီဒီယို စိတ်တိုင်းကျ ရိုက်ကူး နိုင်တဲ့ HD Action Camera ပါ။
ရေထဲကို ယူသွားမယ် ဆိုရင်လည်း မီတာ ၃၀ (၉၈.၄ ပေ) အထိ ယူသွား နိုင်သလို ၊ ရေထဲဖြစ်ဖြစ် ၊ ရေပေါ်ဖြစ်ဖြစ် Full HD နဲ့ အမှတ်တရ ဗီဒီယိုတွေ ရိုက်နိုင်မယ် ၊ ဓာတ်ပုံဆိုရင်လည်း 12 Megapixel ကိုမှ wide angle lens နဲ့ ရိုက်လို့ ရတော့ selfie ရိုက်မယ် ဆိုလည်း ပတ်ဝန်းကျင် မြင်ကွင်း အကျယ်ကြီးပါအောင် ရိုက်လို့ ရပြီး ၊ ကိုယ့်ရဲ့ အားကစား action တွေကို ကိုယ်တိုင် ရိုက်မယ် ဆိုရင်လည်း မြင်ကွင်းလွတ်သွားမှာ ပူစရာ မလိုတော့ဘူးပေါ့။
ကင်မရာနဲ့ အတူ စက်ဘီး ၊ ရွက်လှေ ၊ စက်ဘီးစီးဦးထုပ် ၊ selife stick ၊ စတာတွေမှာ တွဲဖက်တပ်ဆင် အသုံးပြုဖို့ adaptor တွေ စုံစုံလင်လင် ပါဝင်ပြီး ၊ အားကစား ၊ action sports ဝါသနာ ပါသူ ဆိုရင်လည်း ကင်မရာမှာ ၅ စက္ကန့် ၊ ၁၀ စက္ကန့် ၊ စက္ကန့် ၂၀ setting နဲ့ auto ရိုက်ပေးတဲ့ လုပ်ဆောင်ချက် ပါတော့ ကင်မရာကို တစ်နေရာမှာ တပ်ထား ပေမယ့် လှုပ်ရှားမှုတိုင်းကို မလွတ်တိုင်း မှတ်တမ်း တင်နိုင်ပြီလေ။








0 Response to "ဘက်စုံသုံးHD Action Camera "
Post a Comment