ရတနာသုံးပါးကို ယုံကြည်​ဆည်းကပ်​လာသူတစ်​​ယောက်​အ​ကြောင်း
လူ့ ဘဝထဲကို ကံအကျိုးပေးအလျောက်
ရောက်ရှိလာခဲ့သော်လည်းမိဘရိုးရာ
ယုံကြည်ကိုးကွယ်မှုအပေါ်ဘဝင်မကျနိုင်သူတစ်ဦးဟာ 
လေ့လာခဲ့တယ်။ 
ဘာသာအမျိုးမျိုးပြောင်းလဲကိုး
ကွယ်ခဲ့တယ်..
ဘာသာမဲ့အဖြစ်နဲ့ လည်းနေခဲ့ဘူးတယ်။ 
ဒီလိုဖြစ်ရတာက ယုံကြည်ကိုးကွယ်မှုဆိုင်ရာ
ဘာသာတရားတွေကို ယုတ္တိနည်းနဲ့ 
ခွဲခြမ်းစိတ်ဖြာကြည့်ရင်းမေးစရာအချက်တွေ.. 
တွေ့ ပြီးရင်းတွေ့ လာခဲ့ရလို့ ပါ .. 
ကိုယ်တိုင်ကလည်း
 ဒသနပညာရပ်​ကိုဆည်းပူးခဲ့သူ ဖြစ်တဲ့
ဆရာဆန်းလွင် ဟာ နောက်ဆုံးမှာတော့
ရတနာသုံးပါးကို 
ယုံကြည်ကိုးကွယ်ဆည်းကပ်သူ
တစ်ယောက်ဖြစ်လာခဲ့ပြီး 
ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ရဟန်းဝတ်နဲ့ ပဲ
ကုန်လွန်သွားစေခဲ့ပါတော့တယ်။
သူရှာနေတာ တကယ့် အစစ်အမှန်
ယုံကြည်ကိုးကွယ်ထိုက်တဲ့ ဓမ္မပါ။ 
မှတ်ကျောက်တင်ခံနိုင်သည့်တရားပါ။
ဒီတရားကိုရှာဖွေရင်းကြုံတွေ့ ဖြစ်ပျက်ခဲ့သမျှအစုံစုံကို 
ဒီစာအုပ်မှာရေးသားတင်ပြထားတာဟာဖြင့်
လက်ကမချချင်လောက်​အောင်ကို
ဆွဲဆောင်နိုင်လှကြောင်းညွန်း
လိုက်ချင်ပါတယ်ခင်ဗျာ...
0 Response to "ရတနာသုံးပါးကို ယုံကြည်​ဆည်းကပ်​လာသူတစ်​​ယောက်​အ​ကြောင်း"
Post a Comment
Followers