Resistor အ​ကြောင်း​လေ့လာခြင်း

Resistor

ရီစ္စတာဆိုသည်မှာ အီလက်ထရောနစ်ပတ်လမ်းများ

တွင် သုံးသော အခြေခံပစ္စည်းတခုပါ။

သူ၏ လုပ်ဆောင်ချက်မှာ ဗို့အားကိုလျှော့ပေးခြင်း|

ပတ်လမ်းတစ်နေရာမှ တစ်နေရာကို ဆက်သွယ်ပေး

ခြင်းပါ။ ရီစစ္စတာကို ခုခံမူတန်ဖိုး အမျိုးမျိုး ပါဝါခံနှိင်မူ့ 

အမျိုးမျိုး ခွဲခြားသတ်မှတ်ထားပါတယ်။




ယေဘုယျ အားဖြင့် ရီစစ္စတာ နှစ်မျိုးရှိပါတယ်။
(1)Fixed resistor
(2)Variable resistor ဟု နှစ်မျိုးရှိပါတယ်။

Fixed resistor

တန်ဖိုးပြောင်းလဲ၍ မရသော ရီစစ္စတာဖြစ်ပါတယ်။

ကိုယ်ထည်ပေါ်တွင် အရောင်သတ်မှတ်ချက်ဖြင့်

ဖော်ပြလေ့ရှိပါတယ်။တခါတရံ ကိုယ်ထည်ပေါ်မှာ ခုခံ

မူ့တန်ဖိုးကို တိုက်ရိုက်ရေးသားထားကြပါတယ်။

Variable resistor

တန်ဖိုးပြောင်းလဲ၍ရသော တန်ဖိုးရှင် ရီစ္စတာ ဖြစ်ပါတယ်။ကိုယ်ထည်ပေါ်တွင် တန်ဖိုးသတ်မှတ်ချက် ရေးသားဖော်ပြထားပါတယ်။
ဥပမာ၊။ volume control

အသံချဲ့စက်တွေမှာ သုံးတဲ့ အသံထိန်းညှိ ပစ္စည်းလေးတွေပါပဲ။
ရီစစ္စတာ၏ တန်ဖိုးသတ်မှတ်ချက်ကို ohm ဖြင့်သတ်မှတ်ပါတယ်။



( resistor တန်ဖိုးဖတ်ခြင်း)

ရီစစ္စတာများသည် ၎င်းတို့၏ တန်ဖိုးများကို အရောင်

အရစ်ဖြင့် သတ်မှတ်ဖော်ပြကြပါတယ်။

ရီစစ္စတာများ၏ ခုခံမူ့တန်ဖိုးကို သတ်မှတ်သောအခါ

အရောင်အရစ် (၄)ရစ်ဖြင့်လည်းကောင်း| အရောင်အရစ် (၅) ရစ်ဖြင့် လည်းကောင်းဖော်ပြကြပြန်ပါတယ်။

အရောင် (၄)ရစ်ပါသောရီစစ္စတာများတွင် အရောင်များကို ရေးခြယ်ထားရာတွင်

နောက်ဆုံး အရောင်များသည် ရွှေရောင် (သ်ု့) ငွေ

ရောင်များဖြစ်ကြပါတယ်။

တန်ဖိုးသတ်မှတ်ချက်များ

1 Ohm

1000ohm =1 k

1000 k = 1m

1000 m = 1g
တို့ဖြစ်ပါတယ်။

အရောင်သတ်မှတ်ချက်များးး

အရောင် တန်ဖိုး မြောက်ဖော်ကိန်း
====== ====== ==========
အနက် ၀ 1

ညို 1 10

နီ 2 100

မော် 3 1000

ဝါ 4 10000

စိမ်း 5 100000

ပြာ 6 1000000

ခရမ်း 7 10000000

မီးခိုး 8 100000000

ဖြူ 9 1000000000

==================================

အရောင်လေးရစ်ပါ ရီစစ္စတာ တခုကို

စဖတ်မယ်ဆိုပါစို့။

ပ ဒု တ စ

ညို နက် နက် ရွှေ

1 0 × 1 = 10ohm

ရီစစ္စတာ ၏ ပထမ အရောင်သည် (ညို) ရောင် (1)


ဒုတိယ အရောင်သည် ( နက် ) ရောင် (0 )

တတိယ အရောင်သည် မြောက်ဖော်ကိန်းဖြစ်သည့်

အနက်ရောင် (1)

စတုတ္ထအရောင်သည် ဖတ်ရတန်ဖိုး ကွာဟမှု့

( 5% ) ဖြစ်ပါသည်။

အလွယ်မှတ်မယ်ဆိုပါက

အရောင်(၄)ရောင်ပါ ရီစစ္စတာ တလုံးတွင် တတိယအ

ရောင် သည် မြှောက်ဖော်ကိန်း အဖြစ်သတ်မှတ်ရပါမယ်။နောက်ဆုံးအရောင်ဖြစ်

သော ရွှေရောင်သည် (5%) အတိုး/ အလျှော့ ရှိသည်

ဟု ဆိုလိုပါသည်။

အဲ့တော့ ညို နက် နက် ရွှေ 10 ohm ဖြစ်ပြီးး

5% အတိုး အလျှော့ ရှိသည်ပေါ့။

ဝါ ရမ်း ညို ရွှေ

4 7 × 10 =470 ohm

စိမ်း ပြာ နီ ရွှေ

5 6 × 100=5600ohm=5.6K

မော် မော် မော် ရွှေ

3 3 × 1000 =33000ohm=33k

ညို နက် ဝါ ရွှေ

1 0 × 10000 =100000 ohm=100K

အကယ်၍ တတိယအရောင်မှာ ရွှေရောင်ဖြစ်ပါက

မြှောက်ဖော်ကိန်းသည် 0.1 ဖြစ်ပါတယ်။

ငွေရောင် ဖြစ်ပါက 0.01 ဖြစ်ပါတယ်။

တတိယအရောင်မှာ ရွှေ ( သို့) ငွေ သတ်မှတ်သော

ရီစစ္စတာများသည် 10 ohm အောက် လျှော့နည်းသော ရီစစ္စတာများ ဖြစ်ပါတယ်။


ကျတော်က တော့ ဒီလို အလွယ်မှတ်တယ် ခင်ဗျ။

တတိယ အရောင်ကိုပေါ့။

နက် ခံရင် ဆယ် ohm

ညို ခံရင် ရာ ohm

နီ ခံရင် ခု K

မော် ခံရင် ဆယ် k

ဝါ ခံရင် ရာ k ပေါ့။

အရောင် ( 5 ) ရောင်ပါသော ရီစစ္စတာ

များဖတ်ရာတွင် စတုတ္ထ အရောင်အား မြှောက်ဖော်ကိန်း အဖြစ် သတ်မှတ် ဖတ်ရပါမယ်။

ko zaw

1 Response to "Resistor အ​ကြောင်း​လေ့လာခြင်း"

Followers