ပဋိစ္စသမုပ္ပါဒ် ကို သိမြင်သော်


ပဋိစ္စသမုပ္ပါဒ် ကို သိမြင်သော် အယုတ်ဆုံး 
အောက်ထစ်ဆုံး ပုဂ္ဂိုလ်ပင် အကျိုး အာနိသင် (၉) ပါးနှင့် ပြည့်စုံ၏။
~~~~~~~~~~~~~~~~~~~~~~~~

     အကြင်ပုဂ္ဂိုလ်တို့သည် ဇရာ မရဏ၏ အရင်းမူလဖြစ်သော အကြောင်း အစဉ်အဆက် တို့်ကိုလည်း ကောင်းစွာ သိမြင်ကြကုန်၏။ ထိုးထွင်း၍ သိမြင်နိုင် ကြကုန်၏။ ဇရာ မရဏ၏ ချုပ်မှုတို့ကိုလည်း ကောင်းစွာ သိမြင်နိုင် ကြကုန်၏။ထိုးထွင်း၍ သိမြင်နိုင်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့တွင် အယုတ်ဆုံး၊ အောက်ထစ်ဆုံးကျသော ပုဂ္ဂိုလ်တို့မှာသော်လည်း အကျိုးအာနိသင်တရား ကိုးပါးနှင့် ပြည့်စုံ၏ ဟူ၍
မြတ်စွာဘုရားဟောကြားတော်မူသည်။
      ရဟန်းတို့ ဤပဋိစ္စသမုပ္ပါဒ်၏ ဖြစ်ပုံချုပ်ပုံတို့ကို သိသော၊ အရိယသာဝကော၊ မြတ်သော တပြည့်သားကို  ----

၁။ မှန်သောအယူနှင့် ပြည့်စုံပြီ ဟူ၍လည်းကောင်း၊

၂။ မှန်သောအမြင်နှင့် ပြည့်စုံပြီ ဟူ၍လည်းကောင်း၊ 

၃။ ဤ ဗုဒ္ဓဘာသာတရားမှန် အတွင်းသို့ ဝင်ရောက်လာပြီ ဟူ၍လည်းကောင်း၊

၎။ ဤ ဗုဒ္ဓဘာသာတရားမှန် ကို ကောင်းစွာမြင်ပြီဟူ၍ လည်းကောင်း၊

၅။ အကျင့်လမ်းမှန်သော သေက္ခဉာဏ်နှင့် ပြည့်စုံပြီ ဟူ၍လည်းကောင်း၊

၆။ အကျင့်လမ်းမှန်သော ဝိဇ္ဇာနှင့် ပြည့်စုံပြီ ဟူ၍ လည်းကောင်း၊

၇။ ဗောဓိပက္ခိယ တရားအယဉ်သို့ ဆိုက်ဆိုက်လာပြီဟူ၍ လည်းကောင်း၊

၈။ အရိယော၊ မွန်မြတ်သော မသိဖူးသေးသော တရားတို့ကို ထိုးထွင်း၍ သိမြင်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံပြီဟူ၍ လည်းကောင်း၊

၉။ အမြိုက်နိဗ္ဗာန် တံခါးဝသို့ ဆိုက်ရောက်၍ တည်နေပြီဟူ၍ ဆိုအပ်၏။

     ဤကား ပဋိစ္စသမုပ္ပါဒ် ကို သိမြင်ခြင်း၏ အကျိုးဖြစ်ပေတည်း။

0 Response to " ပဋိစ္စသမုပ္ပါဒ် ကို သိမြင်သော် "

Post a Comment

Followers