"ႀကိဳးမဲ့အင္တာနက္ေပးဖို႔ စီစဥ္ေနတဲ့ VMG telecom"


ႀကိဳးမဲ့အင္တာနက္ ဝန္ေဆာင္မႈ (Wifi) ေပးရန္ စီစဥ္ထားေၾကာင္း VMG Telecom မွ မန္ေနဂ်င္း ဒါ႐ိုက္တာ မစမိုင္းလ္က ေျပာသည္။

လက္ရွိ ISP လိုင္စင္ရရွိထားၿပီးေနာက္ ဆက္သြယ္ေရးဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို ေပးအပ္မည္ျဖစ္ရာ အဆိုပါဝန္ေဆာင္မႈကို စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ISP လိုင္စင္ရထားတာ ႏွစ္လေလာက္ရွိၿပီ။ ရရၿပီးခ်င္း Ytalk ကို စမိတ္ဆက္တယ္။ အရင္တုန္းက ရတနာပံုနဲ႔ ေပါင္းတယ္။ အခုကသီျခားလုပ္တာ။ ပိုၿပီး ဝန္ေဆာင္မႈခ်ဲ႕တာ။ ISP ရၿပီးေတာ့ ဆက္လုပ္မယ့္ လုပ္ငန္းေတြကေတာ့ ဝိုင္ဖိုင္ေတြလႊင့္မယ္။ ခ်က္ခ်င္းႀကီးေတာ့ မျဖစ္ႏိုင္ေသးဘူး။ ႀကိဳးစားၿပီးေတာ့ လုပ္သြားမယ္။ အင္တာနက္က ဘယ္လုိပဲျဖစ္ျဖစ္ ေကာင္းတယ္ ဆိုေပမယ့္ သံုးလို႔ မရေသးတာေတြ ရွိတယ္။ အင္တာနက္စနစ္ ေကာင္းဖို႔လိုေနတယ္။ တတ္ႏိုင္သေလာက္ တိုးခ်ဲ႕ၿပီးလုပ္သြားမယ္” ဟု ေျပာၾကားသည္။

လက္ရွိ စမ္းသပ္ေဆာင္ရြက္ေနဆဲ ကာလျဖစ္ေၾကာင္း၊ေစ်းႏႈန္းမ်ားကို ညွိႏိႈင္းေနေသးေၾကာင္း သိရသည္။

“ေစ်းႏႈန္းကေတာ့ သက္သာမယ္။ လိုင္းက မိုဘိုင္းဖုန္းထက္ ပိုျမင့္မယ္။ ႐ံုးေတြအတြက္ကို အဓိကထား ေဆာင္ရြက္ႏိုင္မယ္” ဟု ဆက္လက္ေျပာၾကားသည္။

အဆိုပါဝန္ေဆာင္မႈကို အသံုးျပဳမည္ဆိုပါက Package အလိုက္ ခြဲျခားထားမည္ျဖစ္ၿပီး အသံုးျပဳေသာ Package အေပၚမူတည္၍ ေစ်းႏႈန္းကြာျခားသြားမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါကုမၸဏီအေနျဖင့္ ေမာ္ေတာ္ယာဥ္သြားရာ လမ္းေၾကာင္းမ်ားအား ေျခရာခံသိရွိႏိုင္သည့္စနစ္ (Tracking System) ကိုလည္း ဝန္ေဆာင္မႈေပးရန္ စီစဥ္ေနေၾကာင္း၊ ေမာ္ေတာ္ယာဥ္သြားရာ လမ္းေၾကာင္းအတိုင္း ညႊန္ျပေပးထားမည္ျဖစ္ၿပီး အဆိုပါ ေမာ္ေတာ္ယာဥ္ႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ားကို နာရီတိုင္း သိရွိႏိုင္မည္ျဖစ္ေၾကာင္း ဆိုသည္။

#######

"ကြိုးမဲ့အင်တာနက်ပေးဖို့ စီစဉ်နေတဲ့ VMG telecom"
==
ကြိုးမဲ့အင်တာနက် ဝန်ဆောင်မှု (Wifi) ပေးရန် စီစဉ်ထားကြောင်း VMG Telecom မှ မန်နေဂျင်း ဒါရိုက်တာ မစမိုင်းလ်က ပြောသည်။

လက်ရှိ ISP လိုင်စင်ရရှိထားပြီးနောက် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်မည်ဖြစ်ရာ အဆိုပါဝန်ဆောင်မှုကို စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ISP လိုင်စင်ရထားတာ နှစ်လလောက်ရှိပြီ။ ရရပြီးချင်း Ytalk ကို စမိတ်ဆက်တယ်။ အရင်တုန်းက ရတနာပုံနဲ့ ပေါင်းတယ်။ အခုကသီခြားလုပ်တာ။ ပိုပြီး ဝန်ဆောင်မှုချဲ့တာ။ ISP ရပြီးတော့ ဆက်လုပ်မယ့် လုပ်ငန်းတွေကတော့ ဝိုင်ဖိုင်တွေလွှင့်မယ်။ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူး။ ကြိုးစားပြီးတော့ လုပ်သွားမယ်။ အင်တာနက်က ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတယ် ဆိုပေမယ့် သုံးလို့ မရသေးတာတွေ ရှိတယ်။ အင်တာနက်စနစ် ကောင်းဖို့လိုနေတယ်။ တတ်နိုင်သလောက် တိုးချဲ့ပြီးလုပ်သွားမယ်” ဟု ပြောကြားသည်။

လက်ရှိ စမ်းသပ်ဆောင်ရွက်နေဆဲ ကာလဖြစ်ကြောင်း၊စျေးနှုန်းများကို ညှိနှိုင်းနေသေးကြောင်း သိရသည်။

“စျေးနှုန်းကတော့ သက်သာမယ်။ လိုင်းက မိုဘိုင်းဖုန်းထက် ပိုမြင့်မယ်။ ရုံးတွေအတွက်ကို အဓိကထား ဆောင်ရွက်နိုင်မယ်” ဟု ဆက်လက်ပြောကြားသည်။

အဆိုပါဝန်ဆောင်မှုကို အသုံးပြုမည်ဆိုပါက Package အလိုက် ခွဲခြားထားမည်ဖြစ်ပြီး အသုံးပြုသော Package အပေါ်မူတည်၍ စျေးနှုန်းကွာခြားသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကုမ္ပဏီအနေဖြင့် မော်တော်ယာဉ်သွားရာ လမ်းကြောင်းများအား ခြေရာခံသိရှိနိုင်သည့်စနစ် (Tracking System) ကိုလည်း ဝန်ဆောင်မှုပေးရန် စီစဉ်နေကြောင်း၊ မော်တော်ယာဉ်သွားရာ လမ်းကြောင်းအတိုင်း ညွှန်ပြပေးထားမည်ဖြစ်ပြီး အဆိုပါ မော်တော်ယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို နာရီတိုင်း သိရှိနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

http://www.internetjournal.media/news/4324

0 Response to ""ႀကိဳးမဲ့အင္တာနက္ေပးဖို႔ စီစဥ္ေနတဲ့ VMG telecom""

Post a Comment

Followers