ကြက်သားပဲရည်သုတ် လုပ်စားရန်လိုအပ်တဲ့ပစ္စည်းများ
ကြက်ခြေ ထောက် ၃၀၀ဂရမ်
ကြက်တောင်ပံ ၂၅၀ ဂရမ်
ကြက်အမြစ် ၂၀၀ ဂရမ်
မဆာလာအနံ့ပါတဲ့ နနွမ်း လက်ဖက်ဇွန်း တဇွန်း
မောက်မောက်
ဆားလက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
ကြက်သား အမှုန့် အနည်းငယ်
ဂျင်း လက်တဆစ် လောက် ကို အပြား လေးများ လှီး
ထားပေးပါ
ပူစီနံ လက်တစုတ်
ကြက်သွန် အနီ နှစ်လုံး
ငရုတ်သီး စိမ်း ၅တောင့် ၆တောင့်
ငရုတ်သီး ခြောက် ထောင်းပြီး သား လေးကို ဆီ လေး
နဲ့ အနည်းငယ်ချက်ထားတဲ့ ငရုတ်သီးကြော်
ကုလားပဲ မှုန့်  ပန်းကန်လုံးအသေး တလုံး နီး ပါ ရေနဲ့ 
ဖျော်ထားပါ အရသာနည်းနည်း ထည့်ပါ
လုပ်နည်း
ပထမ ကြက်ခြေထောက် ကို သန့် သန့် ရှင်းရှင်း လုပ်
ပြီးဆနွင်း နဲ့ နယ် ပြီး တော့ဆားထည့်နယ် ပြီး
မီနစ် ၃၀ကျော် လောက် ထားလိုက် ပါ ပြီး မှ
ကြက်တောင်ပံကို ထည့် ပြီး တည် ပါ အဖုံး အုပ်ပြိး
တည်ပါ
နောက်ထပ် မီနစ် ၂၀ကျော် ထပ် တည်ပြီး မီးပိတ်ပြီး
ရင် အဖုံး လေး အုပ်ထား လိုက် ပါ
အသဲ အမြစ် ကို တခြား အိုး တလုံးနဲ့ တည် ပါမည်သူကို
လဲ မဆာလာ အနံပါတဲ့ နနွင်း ရယ်ဆား ရယ် နဲ
နယ်ပြီး ပြုတ်ထားပါ။ သူက မီနစ် နှစ်ဆယ်လောက်
ဆို နူး ပါပြီ
ဒါဆို ကြက်ခြေထောက် ကြက်တောင်ပံများကို ဆယ်
ထားပါ ကြက်အသဲမြစ်ကိုလဲ ဆယ်ထားပါ
ပြိးရင် ကြက်ခြေတောက် ကြက်တောင်ပံ ပြုတ်ထားတဲ့
အိုးထဲ ကိုပဲမှုန့် ဖျော်ထားတာ ကို လောင်းထည့်ပါ
အောက်မှ ပြထားတဲ့ပုံအတိုင်းပြစ်ပြစ် လေး ဖြစ် လာပါ
မယ် အရသာ ထည့်ပြိး ဆူ ရင် မီးပိတ်လိုက်ပါ
ဒါဆို တပွဲ စာပြင်ပါမယ် လှီးထားတဲ့ ကြက်အမြစ် များ
ကြက်တောင်ပံ အရိုး ထုတ်ထားတဲ့ အသားလေးများ
ကြက်ခြေထောက် ရယ် အားလုံးကို ထည့်ပြိး ဂေါ် ဖီလှီး
ထားတာရယ် ကြက်သွန်ရယ် ငရုတ်သီး ကြော် ငရုတ်
သီး စိမ်း အနည်းငယ် အားလုံးရောပြီး ရင် ပဲ ရည် ပူပူ
ကို လောင်းထည့် လိုက်ရင် စားကောင်းတဲ့ ကြက်သား
ပဲ ရည် သုတ် ရပါပြီ
ပုံ မှာ ပြုတ်ပြီး သား ကြက်ခြေ ထောက် ရယ်
ကြက်အသဲ အမြစ် ရယ် ကြက်တောင်ပံ
အောက် ပုံမှာ သုတ် ဖို့ အဆင် သင့်ဖြစ် ပါပြီ
ပဲမှုန့် ထည့်ဖျော် ပြီး တော့ ပုံပါအတိုင်း အရည် ပြစ် ပြစ်
ဖြစ် အောင် ချက် ပါ




0 Response to " ကြက် သား ပဲ ရည် သုတ်"
Post a Comment