မောင်းသူမဲ့ ဒရုန်းများကို ဖမ်းဆီးနိုင်ရန် အတွက် ပိုက်ကွန်ပစ်သော လက်နက်တစ်မျိုး ကို ဖန်တီး


လန်ဒန် ၊ ၇-၃-၂၀၁၆

အင်္ဂလန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သော Open Works Engineering က မောင်းသူမဲ့ ဒရုန်းများကို ဖမ်းဆီးနိုင်ရန်  အတွက် ပိုက်ကွန်ပစ်သော လက်နက်တစ်မျိုး ကို ဖန်တီးလိုက်ကြောင်း သိရသည်။

ပိုက်ကွန်နှင့် တကွ ဖမ်းဆီးလိုက်သော ဒရုန်းကို မြေပေါ်သို့ ဆင်းသက်ရန် အတွက် လေထီး တစ်စုံလည်း ပါဝင်ကြောင်း သိရသည်။ ၄င်းလက်နက်မှ ပိုက်ကွန်ကို ပစ်လွှတ်နိုင်သည့် အကွာအဝေးမှာ မီတာ ၁ဝဝ အတွင်းဖြစ်၍ Skywall 100 ဟု အမည် ပေးထားပြီး ဒရုန်းများကို ချိန်၍ ပစ်ခတ်ရန် အတွက် စမတ် ချိန်ကွင်းတစ်ခု ပါဝင်သည်။ 

Skywall  မှ ပိုက်ကွန်ကို တစ်ကြိမ် ပစ်လွှတ်ပြီးလျှင် နောက်တစ်ကြိမ် ပစ်နိုင်ရန် အတွက် ၈ စက္ကန့်သာ ပြင်ဆင်ချိန် လိုအပ်၍ ဒရုန်းများ ကောင်းကင်ပေါ်၌ တစ်ခုထက်ပို၍ ရှိနေပါ ကလည်း ရှင်းလင်းနိုင်ရန် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း သိရသည်။

Skywall မှာ သာမန် လက်နက်ထက် အနည်းငယ် ကြီးသော်လည်း ပေါင်ချိန် ၂၂ ပေါင်မျှသာ ရှိ၍ ကိုင်ဆောင်ရန် အဆင်ပြေခြင်း၊ ဈေးနှုန်း မြင့်မားမှု မရှိခြင်း၊ သယ်ဆောင်ရန် အတွက် လွယ်ကူခြင်း တို့ကြောင့် ဒရုန်းဆန့်ကျင်သူ များက Skywall ကို သဘောကျ ကြသည်။ ဒရုန်းများ ရောင်းဝယ်မှုကို ကြီးကြပ်သည့် CEA အသင်းက ပြုစုထားသော စာရင်း တစ်ခုအရ ၂ဝ၁၅ ခုနှစ်က ဒရုန်းအလုံးရေ ၇ဝဝဝဝဝ ခန့် ရောင်းခဲ့ရပြီး 

အမေရိကန်နိုင်ငံရှိ ဒရုန်း ဝယ်ယူသူဦးရေ ၃ဝဝဝဝဝ က ၄င်းတို့၏ ဒရုန်းများကို မှတ်ပုံတင်၍ အသုံးပြုခဲ့ကြောင်း သိရသည်။

ဒရုန်းများမှာ ကောင်းကင်ပေါ်သို့ အလွယ်တကူ ပျံဝဲနိုင်၍ နံရံ၊ ခြံစည်းရိုးကဲ့သို့ အတားအဆီး များကိုကျော်နိုင်၍ ဒရုန်းများ ပျံသန်းခွင့် မရှိသော နေရာများ သို့မဟုတ် အာဏာပိုင်များ ကန့်သတ်ထားသည့် နေရာများ တွင်လည်း ဒရုန်းပိုင်ရှင် များက ဝင်ရောက် စူးစမ်းကြသည်။ ဒရုန်းများ အနေဖြင့် ဝင်ရောက်ရန် ခွင့်ပြုချက် ရရှိထားခြင်း မရှိသော နေရာများ၌ တွေ့ရှိပါက အဆိုပါ ဒရုန်းကို ဖမ်းဆီးပစ်ချ၍ လုံခြုံသော နေရာတွင် ထားရှိရန် သက်ဆိုင်ရာက အသိပေး ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

0 Response to "​မောင်းသူမဲ့ ဒရုန်းများကို ဖမ်းဆီးနိုင်ရန် အတွက် ပိုက်ကွန်ပစ်သော လက်နက်တစ်မျိုး ကို ဖန်တီး"

Post a Comment

Followers