နိုင်ငံတော်သမ္မတက တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ အစည်းများ၏လိုင်ဇာအ စည်း အဝေးသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


နိုင်ငံတော်သမ္မတရုံး


နိုင်ငံတော် သမ္မတက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ၏


လိုင်ဇာ အစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ


၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်


လိုင်ဇာ အစည်းအဝေးသို့ တက်ရောက် လာသော တိုင်းရင်းသား ညီနောင်များအား ခင်မင် ရင်းနှီးစွာဖြင့် နှုတ်ခွန်းဆက်သ အပ်ပါသည်။


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အတွင်း ထာဝရ တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ရည်မှန်းချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ကချင်ပြည်နယ် လိုင်ဇာတွင် အစည်းအဝေး ကျင်းပနေသည်ကို သိရှိရပါသည်။


အဆိုပါ အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ချက်များ၊ သဘော တူညီချက်များနှင့် ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင် နိုင်ရေး အတွက် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲခြင်း သဘော တူညီချက် လက်မှတ်ရေးထိုး နိုင်ရန်၊ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ချမှတ် နိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် တို့အတွက် အထောက်အကူ ဖြစ်စေ မည်ဟု ယုံကြည် ပါသည်။


ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား အားလုံးက စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲ ဆောင်ရွက်မှသာ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အစည်းအဝေး အောင်မြင် ပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ သဝဏ်လွှာ ပေးပို့ လိုက်ပါသည်။


(ပုံ) 


သိန်းစိန်


နိုင်ငံတော် သမ္မတ


lwanthuOnlineknowledge နည်းပညာနှင့် ဗဟုသုတများ


0 Response to "နိုင်ငံတော်သမ္မတက တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ အစည်းများ၏လိုင်ဇာအ စည်း အဝေးသို့ ပေးပို့သည့် သဝဏ်လွှာ"

Post a Comment

Followers