Facebook သတင်း( ဖတ်ဖြစ်အောင် ဖတ် ကြ ပါရန် )

ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အ မုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေ ခြင်း အပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံ ရမှု များပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်း သည့်  ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီး ဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေး အ တွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာ နိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ် ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ဖွယ်ကိစ္စ ရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများ ကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ် က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း တွင်ကျင်း ပသည့်Internet Governance ဖိုရမ်၌ အ ထက်ပါအဖွဲ့သို့ပြောကြားခဲ့သည်။


မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။မြန်မာ စာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ် တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့ များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက် ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။၎င်းဝန်ထမ်းက မြန်မာပြည်မှ အသုံး ပြုသူများ၏ ပေ့ခ်ျများကို အချိန်ပြည့် ကြည့် ရှု နေမည်မဟုတ်ဘဲ အမုန်းပွား ဖွယ်ဆန် သည့် ပဋိပက္ခအသွင်ဆောင် စကားလုံးများ ပါဝင် သည့် ပေ့ခ်ျတို့ကို သာ စောင့်ကြည့် မည်ဖြစ်သည်။


ထို့ပြင် မြန်မာပြည်မှ ပေးပို့သည့် တောင်းဆို ချက်(ရီပို့)များကိုလည်း လျင်မြန်စွာ ဆောင် ရွက်ပေးနိုင်ရန် အတွက် ဖြစ် သည်ဟု သိရသည်။ဖေ့စ်ဘွတ်၏ မူလစည်းမျဉ်းများ ၌ ပင် ဖေ့စ်ဘွတ်ကိုအသုံးပြု၍ အမုန်းပွား စေသည့် အကြောင်းအရာများ ရေးသား ပေးပို့မှုမပြုရန် ချမှတ်ထားပြီး ယင်းအတွက် နိုင်ငံတ ကာ ဘာသာစကားအများ စုတွင် အဆိုပါ အမုန်းပွားဖွယ်စကားလုံး များပါဝင် မှု ရှိ မရှိကို အလိုအလျောက် ထောက်လှမ်း ရှာဖွေနိုင်သည့်စနစ် တပ် ဆင်ထားသည် ဟုလည်းသိရသည်။”


သူတို့ဆီမှာက ယူနီကုတ်ကိုတော့ သိတယ်။ ယူနီကုတ်နဲ့ရိုက်တယ်ဆိုရင် တော့ ဒီစကား လုံးတွေကို သူတို့ရဲ့စနစ် က အော်တိုမှတ် သားထားနိုင်တယ်” ဟု ၄င်းက ဆက်ပြော သည်။လက်ရှိတွင် ဖေ့စ်ဘွတ်စာမျက်နှာပေါ် ၌ အမုန်းပွားဖွယ်ကိစ္စများ ရေးသား နေ သည် ကို တွေ့ရှိပါက ဖေ့စ်ဘွတ်မှ မှတ်သား ထားမည်ဖြစ်ပြီး အဆိုပါ စာ မျက်နှာ ပိုင်ရှင် ထံ သတိပေးစာများ ပေးပို့ခြင်းနှင့် ပိုမိုဆိုး ရွားလာပါက စာ မျက်နှာပိတ်သိမ်းခြင်းများ ပြုလုပ်သွား မည်ဟု သိရသည်။

 

Ref : Popular News


lwanthuOnlineKnowLedge

ရွှေမြန်မာများ ကိုဇော်ဂျီဖြင့်သာ ယနေ့ မှ စတင်သုံးစွဲကြပါစို့ 


0 Response to "Facebook သတင်း( ဖတ်ဖြစ်အောင် ဖတ် ကြ ပါရန် )"

Post a Comment

Followers