သုတေသီများသည် သြစတြေးလျနိုင်ငံ မြောက်ပိုင်းရှိ လူနေ ခေါင်ပါးသော ဒေသတစ်ခု အတွင်းမှ ကျောရိုးရှိ သတ္တဝါမျိုးစိတ်သစ် သုံးမျိုးကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု သိရသည်။
အဆိုပါ မျိုးစိတ်သစ်များကို ကိပ်ယောက်စ်ကျွန်းဆွယ်ပေါ်ရှိ ကျောက်ဆောင်ချောက်ကမ်းပါးများ ထူထပ်လှသော ကိပ်မာဗီလီတောင်ပေါ်၌ တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး ၎င်းမျိုးစိတ်သစ်များတွင် အစိမ်းရောင် အမြီးရှိသော တောက်တဲ့ မျိုးစိတ်သစ်၊ ရွှေရောင် အဆင်းရှိသော ကင်းလိပ်ချော မျိုးစိတ်သစ်နှင့် ကျောက်တုံးတွင် နေထိုင်သော ဖားမျိုးစိတ်သစ် တစ်မျိုး တို့ပါ ဝင်သည်ဟု သိရသည်။
အဆိုပါ မျိုးစိတ်သစ်များကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်က တွေ့ရှိ ခဲ့ ဖူးသည့် ကျောရိုးရှိ သတ္တဝါ မျိုးစိတ်များတွင် ယင်းမျိုးစိတ်သုံးမျိုးကို တစ်ကြိမ် တစ်ခါမျှ တွေ့ဖူး ခဲ့ခြင်းမရှိကြောင်း ဂျိမ်းစ်ကွတ်ခ်တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်သူ ကွန်းရက်ဒ်ဟော့စကင် က ပြောကြားသည်။
lwanthuOnlineKnowLedge

0 Response to "သြစတြေးလျ နိုင်ငံတွင် ကျောရိုးရှိ သတ္တဝါ မျိုးစိတ်သစ် သုံးမျိုး တွေ့ရှိ"
Post a Comment